NUG နဲ့ လက်အောက်ခံအဖွဲ့တွေကို အရေးယူမယ်လို့ စစ်ခေါင်းဆောင် ပြော
ရေးသားခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ PDF နဲ့ သူတို့ကို ပံ့ပိုးနေတဲ့ EAO- တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က မတ်လ ၃၁ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော်နေ့ အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် စစ်တပ်က ကိုယ်တိုင်ထုတ်လုပ်ထားတယ်လို့ဆိုတဲ့ လက်နက်တချို့ကိုလည်း စစ်ရေးပြအခမ်းအနားမှာ ထုတ်ပြခဲ့ပါတယ်။
အကြောင်းစုံကို ကိုတင်အောင်ကျော်ဆက်ပြောပြမှာပါ။