တူရကီ ငလျင် သေဆုံးသူ ဦးရေတိုးလာ

ဗီဒီယို ပုံစာ, တူရကီ ငလျင် သေဆုံးသူ ဦးရေတိုးလာ
ရေးသားခဲ့သည်။

တူရကီတောင်ပိုင်းနဲ့ ဆီးရီးယား မြောက်ပိုင်းမှာ လှုပ်သွားခဲ့တဲ့ ငလျင်ဒဏ်သင့် ဒေသတွေမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်နေကြပြီ ဖြစ်ပါတယ်။ ငလျင်ကြီး ၂ ခု လှုပ်သွားခဲ့တာ ဖြစ်ပြီး လူ ငါးထောင်ကျော် သေဆုံးခဲ့ရပါတယ်။ နောက်ထပ်လည်း အပျက်အစီးတွေ အောက်မှာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲ ငလျင်တွေကလည်း ပြင်းထန်သလို အအေးဒဏ်ကလည်း ပြင်းထန်တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးနေရပါတယ်။

ဆီးရီးယား အနောက်မြောက်ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာတော့ ဦးထုပ်ဖြူ အရေးပေါ် အဖွဲ့က ကယ်ဆယ်ရေးတွေ လုပ်နေကြပါတယ်။ တူရကီ တောင်ပိုင်းကိုတော့ ဂျာမနီ၊ အစ္စရေးနဲ့ အိန္ဒိယ က ပို့လိုက်တဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ အပါအဝင် နိုင်ငံတကာ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ ရောက်လာကြပြီ ဖြစ်ပါတယ်။ ကိုဘိုဘိုက ပြောပြမှာပါ။