တူရကီငလျင် လူ ထောင်ချီ သေဆုံး

ဗီဒီယို ပုံစာ, တူရကီငလျင် လူ ထောင်ချီ သေဆုံး
ရေးသားခဲ့သည်။

အဆောက်အအုံ ထောင်နဲ့ချီ ပြိုကျ ပျက်စီးခဲ့တဲ့ တနင်္လာနေ့ မနက်အရုဏ်မတက်ခင်က အားကောင်းတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် တူရကီ နိုင်ငံတောင်ပိုင်းနဲ့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတို့မှာ အားကောင်းတဲ့ နောက်ထပ် ငလျင်တခု ထပ်မံ လှုပ်ခတ်ခဲ့ပါတယ်။

လက်ရှိအချိန်ထိ လူပေါင်း ၁၉၀၀ ကျော် သေဆုံးသွားပြီလို့ အတည်ပြုထားနိုင်ပါတယ်။

ဒါပေမဲ့ ကယ်ဆယ်ရေးလုပ်သားတွေဟာ မြို့ကြီးတွေနဲ့ မြို့ငယ်အများအပြားက အပျက်အစီးပုံတွေကြား ဆက်လက်ရှာဖွေနေလို့ သေဆုံးသူဦးရေဟာ ဒီထပ်ပို မြင့်တက်လာနေပါတယ်။

လူပေါင်း ထောင်နဲ့ချီလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ငလျင် လှုပ်ခတ်ခဲ့တဲ့ အဓိက ဗဟိုချက်ဟာ တူရကီနိုင်ငံတွင်းက ဂါဇီယမ်တပ် (Gaziantep) ပြည်နယ်ဖြစ်ပြီး အဲဒီက နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိပြီ ဖြစ်တဲ့ ဂါဇီယမ်တပ် (Gaziantep)ရဲတိုက်လည်း အများအပြား ပျက်စီးခဲ့ပါတယ်။

သေဆုံးသူ အများစုဟာ စစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းက ဖြစ်ပြီး အဲဒီဒေသဟာ ဒုက္ခသည် စခန်းတွေနဲ့ ယာယီတည်ဆောက်ထားတဲ့ အဆောက်အအုံတွေမှာ နေထိုင်ကြတဲ့ ဒုက္ခသည် သန်းနဲ့ချီရဲ့ ခိုလှုံရာ နေရာလည်း ဖြစ်ပါတယ်။

ကိုဇေယျာ ဆက်ပြောပြပေးပါမယ်။