စစ်ကိုင်းတိုင်းက ကနီမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွား
ရေးသားခဲ့သည်။
ဒီကနေ့ မနက်ပိုင်းကတည်းက စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းလာရောက် ပစ်ခတ်တာကြောင့် ဒေသကာကွယ်ရေးဘက်က တစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိတယ်လို့ ဒေသကာကွယ်ရေး တပ်တွေထံက သိရပါတယ်။ ပုသိမ် - မုံရွာလမ်းမှာလည်း စစ်ကောင်စီဘက်က အင်အား အလုံးအရင်းနဲ့ လုံခြုံရေးယူတာတွေကြောင့် ဒီနေ့ မနက်အစောပိုင်းမှာပဲ ဒေသခံတွေ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။ တစ်ခါ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ၀င်ရောက်မီးရှို့ခဲ့ပြီးတဲ့နောက် အိမ်ခြေ ၁၅၀ နီးပါးနဲ့ စပါးကျီ ဆယ်နဲ့ချီ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ တစ်ခါ စစ်ကိုင်းတိုင်းအတွင်းက အကြောင်းစုံကို ကိုဘိုဘိုက ပြောပြပေးမှာပါ။