တရုတ် သမ္မတ ရှီကျင်ပင်း ရဲ့ ကိုဗစ် သုည မူဝါဒကို မကျေနပ်ကြလို့ ဆန္ဒပြနေကြ
တရုတ်ပြည်မှာ ၁၉၈၉ တီယန်နန်မင် ရင်ပြင် အရေးအခင်း ဖြစ်ခဲ့ပြီးနောက် ကိုဗစ် စည်းမျဉ်းဖြေလျှော့ရေးအတွက် လူထု အုံကြွမှုတွေ ဖြစ်လာနေပါတယ်။ နိုင်ငံအနောက်ပိုင်းက အူရုမ်ချီ မြို့မှာ လူနေအဆောက်အအုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၁၀ ယောက် သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ လူထုဆန္ဒပြပွဲတွေ ဖြစ်လာ ပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာ အဲဒီ လူတွေသေရတာဟာ လော့ခ်ဒေါင်းစည်းကမ်းတွေ တင်းကြပ်လွန်းတာကြောင့် ဆိုတဲ့ သတင်းစကားတွေ ပြန့်သွားခဲ့တာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ဆန္ဒပြပွဲတွေ ရှိခဲ့သလို တခါတရံမှာ ရဲတပ်ဖွဲ့ရဲ့ ပြင်းထန်စွာ တုံ့ပြန်မှုတွေလည်း ရှိခဲ့ပါတယ်။ဒီနေ့ ရာသီဥတုက ရေခဲမှတ်အောက် ရောက်နေပြီး လုံခြုံရေးတွေလည်း အများအပြား ချထားလို့ လမ်းတွေပေါ်မှာ အရင်နေ့တွေထက်တော့ တိတ်ဆိတ်နေခဲ့ပါတယ်။ ဒါပေမယ့် သမ္မတရှီကျင်းပင်းနဲ့ သူ့ရဲ့ ကိုဗစ် သုည မူဝါဒအပေါ် မကျေနပ်မှုတွေကတော့ လျော့ကျမသွားသေးပါဘူး။ ကိုရင်မောင်က ပြောပြမှာပါ။