တင်းကျပ်တဲ့ ကိုဗစ်စည်းကမ်းတွေကို တရုတ်မှာ ဆန္ဒပြ
ရေးသားခဲ့သည်။
တရုတ်နိုင်ငံတဝန်း ပျံ့နှံ့နေတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တရုတ်အာဏာပိုင်တွေက ဖြိုခွဲနေပါတယ်။
တရုတ်ပြည်သူတွေဟာ အစိုးရရဲ့ ကိုဗစ် ကင်းစင်ရေး မူဝါဒ Zero Covid Policy ကို အမျက်ထွက်နေကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အစိုးရကို တိုက်ရိုက် ပြစ်တင်ဝေဖန်မှုတွေဟာ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချခံရနိုင်တဲ့ တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေအပေါ် သူတို့ရဲ့ အမျက်ဒေါသတွေကို ပြည်သူတွေက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုဖို့ဆိုတာကတော့ အတော်လေး ထူးပါတယ်။
တဖက်မှာလည်း ဆန္ဒပြပွဲတွေကို တုံ့ပြန်တဲ့အနေနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့ရဲ့ ကိုဗစ်တိုက်ဖျက်ရေးဟာ အောင်မြင်တယ်လို့ ပြောထားပါတယ်။
ကိုဇေယျာ ဆက်ပြောပြပေးပါမယ်။