စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေမီးရှို့ခံရ
ရေးသားခဲ့သည်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက နို၀င်ဘာလ ၁၈ ရက်နေ့ကတည်းက ဒီနေ့ အထိ ဆက်တိုက်မီးရှို့နေပြီး အိမ်ခြေပေါင်း ၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီနေ့ နို၀င်ဘာလ ၂၃ ရက်နေ့ နေ့လယ် ၂နာရီကျော်လောက်မှာတော့ ခင်ဦးဘက်က ရွာတွေကို လေကြောင်းနဲ့ ပစ်ခတ်တာတွေပါ ရှိလာတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ အကြောင်းစုံကို မညိုလဲ့ရည် ပြောပြမှာပါ။