ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုနဲ့ အင်ဒိုနီးရှား

ဗီဒီယို ပုံစာ, ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုနဲ့ အင်ဒိုနီးရှား
ရေးသားခဲ့သည်။

အင်ဒိုနီးရှားက ဘာလီကျွန်းမှာ ကျင်းပနေတဲ့ ဂျီ ၂၀ ထိပ်သီး ညီလာခံမှာ လာမယ့် ၂၀၅၀ မှာ ကာဘွန် ထုတ်လွှတ်မှု ကင်းဖို့အတွက် ဒေါ်လာ ဘီလျံ ၂၀ ထက်မနည်း ထည့်ဝင်ကြမယ်လို့ ချမ်းသာ ကြွယ်ဝတဲ့ နိုင်ငံ ၉ နိုင်ငံက ကတိပြုခဲ့ကြပါတယ်။ ဒါဟာ အစက စီစဉ်ထားတာထက် ဆယ်စုနှစ် တခုစာ စောပါတယ်။ အင်ဒိုနီးရှားဆိုရင် ကျောက်မီးသွေး လောင်စာကို အကြီးအကျယ် မှီခိုနေရဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ရရှိခဲ့တဲ့ သဘောတူညီမှုကြောင့် သူ့တိုင်းပြည်မှာ ပြည့်ဖြိုးမြဲ စွမ်းအင် ထုတ်လုပ်မှုပိုင်းကို လာမယ့် ၂၀၃၀ မှာ ၂ ဆ နီးပါး ထိ တိုးလာနိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်၊ ဂျပန်၊ ကနေဒါနဲ့ တခြား ဥရောပ ၆ နိုင်ငံက ဒေါ်လာ ၁၀ ဘီလျံ ထည့်ဝင်ကြဖို့ ကတိပေးထားကြသလို ကျန်တဲ့ ၁၀ ဘီလျံကို ပုဂ္ဂလိက ကဏ္ဍကနေ ရရှိဖို့ လုပ်သွားမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားက ကျွန်းတွေထဲက တော်တော်များများဟာဆိုရင် ကမ္ဘာကြီး ပူနွေးလာနေမှုကြောင့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်မှုနဲ့ ရေကြီးမှုတွေရဲ့ ခြိမ်းခြောက်ခံနေရပါတယ်။ အရှေ့တောင်အာရှ ရေးရာ သတင်းထောက် ဂျွန်နဿန် ဟက်ဒ်ရဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။