ယူကရိန်း ကနေ တပ်ဆုတ်ခွာမှု ရုရှားတွေအမြင်ကွဲ

ဗီဒီယို ပုံစာ, ယူကရိန်း ကနေ တပ်ဆုတ်ခွာမှု ရုရှားတွေအမြင်ကွဲ
ရေးသားခဲ့သည်။

ယူကရိန်းကို ရုရှားက ကျူးကျော်ပြီး ကိုးလအကြာမှာတော့ ယူကရိန်းစစ်တပ်ဟာ စစ်ပွဲအတွင်းမှာ သိသိသာသာ တိုးတက်မှုတွေ ရှိနေပြီ ဖြစ်ကြောင်း ယူကရိန်းစစ်တပ်တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေ အနေနဲ့ ထောက်ပံ့ရေးလမ်းကြောင်းမှာ ပြဿနာတွေရှိနေပြီး မကြာခဏ ယူကရိန်းရဲ့ပြင်းထန်တဲ့ ခံစစ်နဲ့လည်း ကြုံတွေ့နေရတာဖြစ်ပါတယ်။

လောလောဆယ်မှာ ယူကရိန်းတောင်ဘက်မှာရှိတဲ့ ခါဆွန်မြို့ကနေ ရုရှားတပ်တွေ ဆုတ်ခွာတော့မယ်လို့လည်း ကြေညာထားပါတယ်။ ရုရှားတပ်တွေ ဆုတ်ခွာမယ့် သတင်းနဲ့ ပတ်သက်လို့ ရုရှားပြည်သူတွေကရော ဘယ်လို ယုံကြည်နေကြပါသလဲ။ ဘီဘီစီ ရုရှားရေးရာ အယ်ဒီတာ စတိဗ် ရိုဇင်ဘဂ်ရဲ့ သတင်းကို ကိုမင်းထက်က ပြောပြပေးမှာပါ။