ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၃ သိန်းရှိလာ
ရေးသားခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူရဲ့ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ KNLA/KNDO တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်၊ သူ့အောက်က နယ်ခြားစောင့်တပ်တွေကြားက တိုက်ပွဲတွေကြောင့် စစ်ရှောင်ဖြစ်ရတဲ့ပြည်သူ ၃ သိန်းအထိ ရှိပြီး အဲဒီထဲက ၁ သိန်းက လူသားချင်းစာနာမှု အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ကေအဲန်ယူဘက်က ပြောလာပါတယ်။ အပြည့်အစုံကို ကိုဇေယျာ ထွန်းက ဆက်ပြောပြပါမယ်။