ခန္တီးမြို့မှာ အချုပ်ထောင် ဖောက်မှုဖြစ်ပွား
ရေးသားခဲ့သည်။
ဒီကနေ့ အောက်တိုဘာ ၁၈ရက်၊ မနက်အစောပိုင်းမှာ စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့မှာ အချုပ်ထောင် ဖောက်မှုဖြစ်ပွားခဲ့ပြီး အဲ့ဒီထဲက တချို့ကို နေ့တွင်းချင်းပြန်လည်ဖမ်းဆီးရမိတယ်လို့ ဒေသခံတွေကပြောပါတယ်။ တခါ မကွေးတိုင်း၊ ပေါက်မြို့နယ်ဘက်မှာတော့ ဘော်ဒါကျောင်းတစ်ခုက ကျောင်းဆရာတစ်ဦး ဦးခေါင်းဖြတ် အသတ်ခံရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ စစ်ကိုင်းနဲ့မကွေးဘက်က အကြောင်းစုံကို မရီရီအောင် စုစည်းပြောပါမယ်။