ယူကရိန်းစစ်မြေပြင်ရောက် ဘီဘီစီသတင်းထောက် သတင်းပေးပို့ချက်
ရေးသားခဲ့သည်။
ရုရှားပိုင် နယ်မြေအဖြစ် မကြာသေးမီတုန်းက ကြေညာထားတဲ့ ယူကရိန်း နိုင်ငံ အရှေ့ပိုင်းက မြို့တမြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့တာဟာ ယူကရိန်းတပ်တွေအနေနဲ့ သမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ တပ်ဖွဲ့တွေကို ပြန်လည် တိုက်ထုတ်နိုင်တယ်ဆိုတာ ပြသနေတာပဲလို့ နေတိုးခေါ် မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ အကြီးအကဲက ပြောပါတယ်။
Lyman မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဟာ ယူကရိန်းအတွက် အရေးပါတဲ့ တိုးတက်မှု တခု ဖြစ်ပါတယ်။
ဘီဘီစီ အကြီးတန်း နိုင်ငံတကာ သတင်းထောက် Orla Guerin နဲ့ ကင်မရာသမား Goktay Koral-tan တို့နှစ်ဦး Bakhmut မြို့က စစ်မြေပြင်ကို သွားရောက်ပြီး ပေးပို့ထားတဲ့ သတင်းကို မရီရီအောင်က ပြန်ပြောပြပေးမှာပါ။