အဲလစ်ဇဘတ်ဘုရင်မကြီးရဲ့ စျာပန နိုင်ငံတော်အခမ်းအနားနဲ့ ကျင်းပ

ဗီဒီယို ပုံစာ, အဲလစ်ဇဘတ်ဘုရင်မကြီးရဲ့ စျာပန နိုင်ငံတော်အခမ်းအနားနဲ့ ကျင်းပ
ရေးသားခဲ့သည်။

စက်တင်ဘာလ ၈ ရက်နေ့က ကံကုန် နတ်ရွာစံခဲ့တဲ့ အဲလစ်ဇဘတ် ဘုရင်မကြီးရဲ့ စျာပန ကို ဒီကနေ့မှာ နိုင်ငံတော် အခမ်းအနားနဲ့ ကျင်းပခဲ့ပါတယ်။

ချားလ်စ်ဘုရင် ဦးဆောင်တဲ့ တော်ဝင်မိသားစုဝင်တွေ၊ ဗြိတိန်နဲ့ ကမ္ဘာဝန်းက ပြည်သူတွေလည်း အဲလစ်ဇဘတ်ဘုရင်မကြီးကို နောက်ဆုံးအကြိမ် နုတ်ဆက်ဂါရဝပြုခဲ့ကြတာပါ။

ဘုရင်မကြီးရဲ့ ရုပ်ကလာပ်ကို လန်ဒန်မြို့ကနေ ဝင်ဆာရဲတိုက်ကို သယ်ဆောင်ခဲ့ပြီး အဲဒီမှာရှိတဲ့ St.George’s Chapel ဘုရားကျောင်းမှာ မြှုပ်နှံ့မှာ ဖြစ်ပါတယ်။

ဘုရင်မကြီးရဲ့ စျာပနအကြောင်း အသေးစိတ်ကို ဘီဘီစီ ဝိုင်းတော်သားတွေကို ဆက်သွယ်မေးကြည့်ထားပါတယ်။