မကွေးတိုင်းအတွင်းက ရွာတွေ မီးရှို့ခံရ
ရေးသားခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာထားတဲ့ စစ်အာဏာရှင်တော်လှန်ရေး ပြည်သူ့ ခုခံတွန်းလှန်စစ် ဒီနေ့ဆိုရင် တစ်နှစ်ပြည့်ပါပြီ။ ဒီတစ်နှစ်အတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေ အများကြီးရှိခဲ့သလို စစ်ကောင်စီက မီးရှို့ခဲ့တဲ့ အိမ်ခြေ သောင်းချီရှိလာပါတယ်။ ဒီရက်ပိုင်းအတွင်း မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းမှာတော့ ကျေးရွာဒေသခံ ၃၀ ဝန်းကျင်ကို စစ်ကောင်စီအဖွဲ့က ခေါ်ဆောင်သွားသလို ကျေးရွာပေါင်း ၄ရွာကို မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အကြောင်းစုံကို ကိုမိုးမြင့်က ပြောပြပါမယ်။