ရသေ့တောင် တိုက်ပွဲကြောင့် ဒေသခံတွေ စစ်ဘေးရှောင်ရ

ဗီဒီယို ပုံစာ, ရသေ့တောင် တိုက်ပွဲကြောင့် ဒေသခံတွေ စစ်ဘေးရှောင်ရ
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် အတွင်းက ရသေ့တောင်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA အကြား ဩဂုတ် ၃၀ ရက် မနေ့ ညနေပိုင်းကစလို့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွား နေပါတယ်။ အဲဒီ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာမှာကို စိုးရိမ်ကြတဲ့ ဒေသခံတွေလည်း ထွက်ပြေးနေကြရကြပါတယ်။ ထွက်ပြေးခဲ့ ကြတဲ့ ကျေးရွာတွေ ရွာသူ ရွာသား တွေဟာ ရသေ့တောင်မြို့ပေါ်နဲ့ မေယုမြစ်တစ်ဘက်ကမ်းက ကျေးရွာတွေဆီအထိ ရောက်ရှိနေကြတယ်လို့ အဲဒီဘက်က ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ကိုမြင့်လွင်က ပြောပြပေးမှာပါ။