စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲတွေ ဖြစ်၊ အရပ်သား သေဆုံးမှုတွေရှိ

ဗီဒီယို ပုံစာ, စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲတွေ ဖြစ်၊ အရပ်သား သေဆုံးမှုတွေရှိ
ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကောလင်းနဲ့ ကျွန်းလှမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်‌ရေးတပ်တွေကြား တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်ဘက်က ရွာတွေကို ဆက်လက်မီးရှို့တာအပြင် လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေပါ ဆက်လုပ်နေပါတယ်။ လေကြောင်းက ပစ်ခတ်မှုကြောင့် ကိုယ်၀န်ဆောင်မိခင်တစ်ဦး နဲ့ ကလေးတစ်ဦးအပါအ၀င် လေးဦး သေဆုံးတဲ့အထိရှိခဲ့ပါတယ်။ အပြည့်အစုံကို မညိုလဲ့ရည် ပြောပြမှာပါ။