ဖားကန့်မြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီ လေကြောင်းကတိုက်
ရေးသားခဲ့သည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ဟောင်ပါး ကျေးရွာအုပ်စုနဲ့ ဆယ်ဇင်းကျေးရွာ တွေကို စစ်ကောင်စီက သြဂုတ်လ ၉ ရက်နေ့ကနေစပြီး လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ တာကြောင့် အရပ်သား ၈ ဦးထက်မနည်းသေဆုံးပြီးအများအပြားဒဏ်ရာရခဲ့ပါတယ်။ တိုက်ပွဲတွေကြား ထောင်နဲ့ ချီတဲ့ ဒေသခံတွေဟာလည်း ဒီကနေ့ သြဂုတ် ၁၀ ရက်နေ့အထိ ကျေးရွာဘုန်းကြီးကျောင်းမှာပိတ်မိနေဆဲဖြစ်ပါတယ်။ ဖားကန့် မြို့နယ်ထဲက ဆယ်ဇင်းရွာမှာဖြစ်နေတဲ့ အခြေအနေတွေကို မသီဒါနွယ်က စုစည်း ပြောပြပေးပါမယ်။