အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေကြား အပစ်ရပ် သဘောတူညီမှု ရရှိ

ဗီဒီယို ပုံစာ, အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေကြား အပစ်ရပ် သဘောတူညီမှု ရရှိ
ရေးသားခဲ့သည်။

သုံးရက်ကြာ တိုက်ခိုက်မှု အဆုံးသတ်ဖို့ ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တခုကို အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေကြား ဆက်လက်ဆုပ်ကိုင်ထားပုံ ပေါ်ပါတယ်။

အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့က ခေါင်းဆောင်တဦးကို အစ္စရေးဘက်က လုပ်ကြံ သတ်ဖြတ်ခဲ့ချိန်မှာ တင်းမာမှုတွေ အရှိန်မြင့်လာတာ ဖြစ်ပါတယ်။

ဒီသတ်ဖြတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂျီဟတ်အဖွဲ့ဘက်ကလည်း ဒါဇင်တဲ့ချီတဲ့ ဒုံးကျဥ်တွေ၊ မော်တာလက်နက်ကြီးတွေနဲ့ အစ္စရေးထဲကို ပစ်လွှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့နောက်ပိုင်း ဂါဇာကမ်းမြှောင်ပေါ်က အစ္စရေး တိုက်ခိုက်မှုတွေမှာ လူဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက ပြောပါတယ်။

အပြည့်အစုံကိုတော့ ကိုတင်အောင်ကျော်က ပြောပြပေးမှာပါ။