ရှစ်လေးလုံးနှစ်ပတ်လည် ပုံစံမျိုးစုံနဲ့ ကျင်းပ
ရေးသားခဲ့သည်။
သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ ၃၄ နှစ်မြောက် ရှစ်လေးလုံးလူထုအရေးတော်ပုံနေ့မှာ နိုင်ငံတဝန်း သပိတ်တွေရှိခဲ့သလို ၊ နိုင်ငံတကာသံရုံးတွေက လည်း မြန်မာပြည်တွင်း လူ့အခွင့်အရေးဆုံးရှုံးနေတာနဲ့ ဒီမိုကရေစီပြန်ရရေး စစ်ကောင်စီကိုတောင်းဆိုကြပါတယ်။
တဖက်မှာလည်း စစ်အာဏာပြန်သိမ်းပြီးကတည်းက ပြည်တွင်းမှာ လူထုတွေ ကြုံနေရတဲ့ လူ့အခွင့်အရေးဆုံးရှုံးမှုတွေအတွက် ကော်မရှင်သစ်တရပ် ပေါ်ပေါက်လာဖို့ တိုက်တွန်းထားကြပါတယ်။
ဒီအကြောင်း မရီရီအောင် စုစည်းပြောပြပေးပါမယ်။