အထင်ကရနိုင်ငံရေးသမားနှစ်ဦးအပါအဝင် လေးဦးကို စစ်ကောင်စီ သေဒဏ်စီရင်

ဗီဒီယို ပုံစာ, အထင်ကရနိုင်ငံရေးသမားနှစ်ဦးအပါအဝင် လေးဦးကို စစ်ကောင်စီ သေဒဏ်စီရင်
ရေးသားခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့အပါအဝင် ၄ ဦးကို အကျဥ်းထောင် လုပ်ထုံးလုပ်နည်းအတိုင်း ပြစ်ဒဏ်စီရင်လိုက်ပြီလို့ အာဏာသိမ်းစစ်တပ်က ဇူလိုင်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ဒါဟာ နှစ်ပေါင်း ၃ဝ ကျော် အတွင်း မြန်မာနိုင်ငံမှာ ပထမဆုံး သေဒဏ်ပြန်လည်စီရင်တဲ့ လုပ်ရပ်ဖြစ်ပြီး စစ်ကောင်စီဟာ လက်ရှိအကျပ်အတည်းကို ပိုဆိုးအောင်လုပ်တာလို့ ပြည်တွင်းကော နိုင်ငံတကာအသိုင်းအဝိုင်းကပါ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။

အပြည့်အစုံကိုတော့ ကိုတင်အောင်ကျော်က ပြောပြပေးမှာပါ။