ကန့်ဘလူမြိုနယ် ကျီစုရွာထဲမှာ စစ်တပ်က လေကြောင်းက တိုက်ခိုက်
ရေးသားခဲ့သည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ် ကျီစုရွာထဲမှာ စစ်တပ်က လေကြောင်းက တိုက်ခိုက်လို့ လူဆယ်ချီ သေဆုံးပြီး နေအိမ် အလုံး ၄၀၀ ထက်မနည်း မီးရှို့ဖျက်ဆီး ခံလိုက်ရပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းအထိလည်း ကန့်ဘလူနယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကိုင်းမှာ စစ်ဒေသ ကွပ်ကဲရေးမှူးတွေ ဖွဲ့စည်းလိုက်ပြီလို့လည်းNUG ကထုတ်ပြောလာခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း စစ်ကိုင်းနဲ့ကချင်အစပ်ကန့်ဘလူက စစ်ရေးအခြေအနေ တွေကို ကိုတင်အောင်ကျော်ကစုစည်းပြောပြပေးပါမယ်။