ဂျပန်ရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် ရှင်ဇိုအာဘေး

ဗီဒီယို ပုံစာ, ဂျပန်ရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် ရှင်ဇိုအာဘေး
ရေးသားခဲ့သည်။

ဂျပန်ရဲ့ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး ဟာ ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးနေစဉ်မှာ လုပ်ကြံခံခဲ့ရပြီး ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ် ရှိပြီ ဖြစ်ပြီး လူကြိုက်များတဲ့ ခေါင်းဆောင်တယောက် ဖြစ်သလို အငြင်းပွားဖွယ် နိုင်ငံရေး သမား တဦးလည်း ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်လွန် ကာလမှာ မွေးဖွားခဲ့တဲ့ ဂျပန်မှာ အသက်အငယ်ဆုံးနဲ့ ဝန်ကြီးချုပ် ဖြစ်ခဲ့သူ တယောက်လည်း ဖြစ်ခဲ့သလို ဝန်ကြီးချုပ်အဖြစ်က အနားယူပြီးချိန်မှာတောင် ဂျပန်မှာ သြဇာတိက္ကမအကြီးဆုံး အလွှမ်းမိုးနိုင်ဆုံး နိုင်ငံရေးသမား တယောက်အဖြစ် ဆက်လက် ရပ်တည်သွားခဲ့တဲ့ ရှင်ဇိုအာဘေး အကြောင်းကို ကြည့်ရအောင်ပါ။