အိန္ဒိယနိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုကြောင့် နယ်စပ် လုံခြုံရေး တိုးမြှင့်
ရေးသားခဲ့သည်။
မြန်မာ အိန္ဒိယ နယ်စပ်တမူး မြို့မှာ အိန္ဒိယနိုင်ငံသား ၂ ယောက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ နယ်စပ်မှာ လုံခြုံရေး တင်းကျပ်မှုတွေ ရှိနေသလို၊ နယ်စပ်ကုန်သွယ်ရေး ကလည်း ရပ်တန့်လု နီးပါး ဖြစ်နေပါတယ်။
အိန္ဒိယ နိုင်ငံသားတွေ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ အကြားမှာ အပြန်အလှန် စွပ်စွဲ ပြောဆိုနေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဖြေရှင်းပေးဖို့ အိန္ဒိယ ဘက်က တောင်းဆိုထားပါတယ်။ ကိုမိုးမြင့်က ပြောပြပေးမှာပါ။