အဖမ်းခံရတဲ့ NLD ဘီးလင်းလွှတ်တော်ကိုယ်စားလှယ် အလောင်းပြန်တွေ့

ဗီဒီယို ပုံစာ, အဖမ်းခံရတဲ့ NLD ဘီးလင်းလွှတ်တော်ကိုယ်စားလှယ် အလောင်းပြန်တွေ့
ရေးသားခဲ့သည်။

စစ်ကောင်စီက ဖမ်းခေါ်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘီးလင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းရဲ့အလောင်းကို ဒီနေ့ ဇူလိုင် ၆ ရက် မှာ ပြန်တွေ့ခဲ့တယ်လို့ ပါတီဘက်က ပြောလာပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းအပါဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် အသတ်ခံရတာ ၄၆ ဦးထိ ရှိနေပြီး ရုံးခန်းတွေဖျက်ဆီးခံရတဲ့အကြိမ်ပေါင်း ၁၀၀ ကျော်ရှိပြီလို့ NLD က ထုတ်ပြန်ပါတယ်။ ဒီအကြောင်းကို ဘီဘီစီသတင်းထောက် မညိုလဲ့ရည်က ပြောပြပေးပါမယ်။