ရက္ခိုင့်တပ်တော် AA ရဲ့ စခန်းတစ်ခုကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

ဗီဒီယို ပုံစာ, ရက္ခိုင့်တပ်တော် AA ရဲ့ စခန်းတစ်ခုကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်
ရေးသားခဲ့သည်။

KNU တပ်မဟာ ၅ နယ်မြေအတွင်းမှာရှိတဲ့ ရက္ခိုင့်တပ်တော် အေအေရဲ့ တပ်စခန်းတစ်ခုကို စစ်ကောင်စီက ဇူလိုင် ၄ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့တယ်လို့ အေအေဘက်က ကျဆုံးအဖွဲ့၀င်တွေရဲ့ ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်လာပါတယ်။

ဒီဖြစ်စဥ်ဟာ စစ်ကောင်စီနဲ့ AAတို့အကြား စစ်ရေး တင်းမာ မှုတွေ ပိုပြင်းထန်လာနိုင်ပါသလား။ အကြောင်းစုံကို ဘီဘီစီသတင်းထောက် ကိုမြင့်လွင်စုစည်းပြောပြပေးပါမယ်။