သီရိလင်္ကာ စီးပွားရေး အခက်အခဲကြောင့် နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ကြုံနေရ

ဗီဒီယို ပုံစာ, သီရိလင်္ကာ စီးပွားရေး အခက်အခဲကြောင့် နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ကြုံနေရ
ရေးသားခဲ့သည်။

သီရိလင်္ကာနိုင်ငံမှာ အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းနဲ့ ဆက်လက် ကြုံတွေ့နေရတဲ့အတွက် သမ္မတဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လောင်စာဆီ ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေသလို၊ သွင်းကုန်တွေလည်း မတင်သွင်းနိုင်လို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီတပတ်ထဲမှာ ကျောင်းတွေကို ပိတ်ခဲ့ရပြီး၊ အရေးပါတဲ့ ပို့ဆောင်ဆက်သွယ်ရေး ခရီးစဥ်တွေကိုလည်း ရပ်နားခဲ့ရတာဖြစ်ပါတယ်။ ရုရှား ဆီက စျေးပေါတဲ့ လောင်စာဆီ ဝယ်ယူရရှိနိုင်ဖို့အတွက် သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဆွေးနွေးဖို့ သီရိလင်္ကာသမ္မတက စာရေးသား တောင်းဆိုခဲ့ပါတယ်။ မသီဒါနွယ်က ပြောပြထားပါတယ်။