ဥကရစ်ထ တိုက်ပွဲ ၆ ရက်မြောက် အခြေအနေ

ဗီဒီယို ပုံစာ, ဥကရစ်ထ တိုက်ပွဲ ၆ ရက်မြောက် အခြေအနေ
ရေးသားခဲ့သည်။

ထိုင်းမြန်မာ နယ်စပ်က ဥကရစ်ထ စခန်းကို ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နဲ့ပြည်သူ့ ကာကွယ်ရေး တပ် PDF ပူးပေါင်းအဖွဲ့တွေက ၆ ရက်မြောက်နေ့ အဖြစ် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

တိုက်ပွဲအတွင်းမှာ လေကြောင်းနဲ့ရော လက်နက်ကြီးနဲ့ပါ ပစ်ကူ ပေးနေရတယ်လို့ စစ်ကောင်စီက ဒီကနေ့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ဥကရစ်ထ အနီးတစ်ဝိုက်မှာ ရှိတဲ့ ကျေးရွာတွေထဲမှာလည်း အရပ်သား ၂၀၀ ကျော် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အဲဒီက နောက်ဆုံး အခြေအနေတွေကို ကိုဘိုဘိုက ပြောပြပေးမှာပါ။