အာဖဂန် မြေငလျင် ကာလဝမ်း အန္တရာယ် ရှိနေ
ရေးသားခဲ့သည်။
အာဖဂန်နစ္စတန်မှာ ပြီးခဲ့တဲ့ ၂ရက်က အင်အားပြင်း မြေငလျင် လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်မှာ နောက်ဆက်တွဲ မြေငလျင်တွေကြောင့် အနည်းဆုံး လူ ၅ဉီး သေဆုံးခဲ့ရပါတယ်။
အသက်ရှင် ကျန်ရစ်သူတွေမှာလည်း စားရေးရိက္ခာပြတ်လပ်မှုတွေနဲ့ နေစရာ အခက်အခဲတွေကြောင့် ကာလဝမ်းရောဂါ ကူးစက်မှုနဲ့ ရင်ဆင်နေရပါတယ်။ ဒါကြောင့် နိုင်ငံတကာက အကူအညီပေးကြဖို့ တာလီဘန် အဖွဲ့က တောင်းဆိုထားပါတယ်။ ဒီအကြောင်း ကိုဇေယျာက ပြောပြပေးမှာပါ။