နိုင်ငံတော် အတိုင်ပင်ခံကို စစ်ကောင်စီ အချုပ်ထောင်ပို့

ဗီဒီယို ပုံစာ, နိုင်ငံတော် အတိုင်ပင်ခံကို စစ်ကောင်စီ အချုပ်ထောင်ပို့
ရေးသားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ ထောင်ကိုပြောင်းရွှေ့ လိုက်ပြီလို့စစ်ကောင်စီကထုတ်ပြောလာပါတယ်။

နိုင်ငံတကာဖိအားတွေရှိနေချိန်၊ တခါ အာဆီယံအထူးသံတမန် မြန်မာနိုင်ငံကိုလာရောက်ဖို့ ရက်ပိုင်း အလိုမှာ အခုလို အချုပ်ထောင်ကိုပြောင်းရွှေ့လိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ပုံရိပ်ကို ထိခိုက်အောင် လုပ်ဆောင်လိုက်တာ ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။ အကြောင်းစုံကို မသီဒါနွယ် ပြောပြပေးမှာပါ။