တားမြစ်စစ်လက်နက်တွေ ရုရှားဘက်က သုံးနေတယ်လို့ AI အဖွဲ့ဆို
ယူကရိန်း ရုရှား ပဋိပက္ခကြီး စတင်ဖြစ်ပွားချိန်ကတည်းက ယူကရိန်းနိုင်ငံတွင်းက ဟာကိဗ်မြို့မှာ ရုရှားတပ်တွေရဲ့ လက်လွတ်စပယ် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သား ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။
နိုင်ငံတကာက တားမြစ်ထားတဲ့ cluster စစ်လက်နက်ပစ္စည်းတွေနဲ့ မြေမြှုပ်မိုင်းတွေကို ရုရှားဘက်က မကြာခဏ အသုံးပြုနေတယ်လို့ Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်အသစ်တခုမှာ စွပ်စွဲပြောဆိုထားပါတယ်။
ဒီလိုမျိုးလက်နက်တွေ အသုံးပြုဖို့ ဆုံးဖြတ်တာဟာ အရပ်သားတွေရဲ့ အသက်ကို လုံးဝအလေးမထားရာ ဖြစ်တယ်၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာလို့ ယူဆလို့ရနိုင်ကြောင်း AI လူ့အခွင့်အရေးအဖွဲ့ကြီးက ထောက်ပြပါတယ်။
ဒါပေမဲ့ ကရင်မလင်နန်းတော်ဘက်ကတော့ ယူကရိန်းမှာ Cluster ဗုံးတွေ အသုံးပြုတယ်ဆိုတာကို အရင်ကတည်းက ငြင်းဆိုထားပြီး ရုရှားတပ်တွေအနေနဲ့ စစ်ရေးပစ်မှတ်တွေကိုသာ တိုက်ခိုက်တာ ဖြစ်တယ်လို့လည်း အခိုင်အမာ ပြောဆိုထားပါတယ်။
ဟာကိဗ်မြို့ကနေ ဘီဘီစီသတင်းထောက် Wyre Davies ပေးပို့တဲ့ သတင်းကို ကိုမိုးမြင့်က ပြန်ပြောပြပေးမှာပါ။