ကျောင်းတွေ ပြန်ဖွင့်ပြီးနောက်ပိုင်း လက်ရှိပညာသင်နှစ်အခြေအနေ
ရေးသားခဲ့သည်။
မြန်မာတနိုင်ငံလုံးမှာ စစ်ကောင်စီဘက်က ကျောင်းတွေဖွင့်လှစ်လာပြီး မူလတန်းနဲ့ အလယ်တန်း အထက်တန်းကျောင်းသားတွေဟာ စစ်ကောင်စီကျောင်းတွေအပြင် ပုဂ္ဂလိက ကျောင်းတွေမှာပါ တက်ရောက် လာတာတွေရှိပါတယ် ။ နယ်တချို့မှာတော့ စစ်ကောင်စီဘက်က ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ တက်ရောက် မသင်ကြားဖို့ ဒေသခံကာကွယ်ရေးတပ်တွေဘက်ကလည်း ကြေညာချက်တွေ ထုတ်ပြန်လာတာ ရှိပါတယ်။ လက်ရှိကျောင်းတက် ရာသီရဲ့ အခြေအနေကို ကိုဘိုဘိုက ပြောပြ ပေးမှာပါ။