ရုရှား ကျူးကျော်စစ် ရက်၁၀၀ ပြည့်

ဗီဒီယို ပုံစာ, ရုရှား ကျူးကျော်စစ် ရက်၁၀၀ ပြည့်
ရေးသားခဲ့သည်။

ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်စစ်ဆင်နွှဲခဲ့တာ ဒီနေ့ဆိုရင် ရက်၁၀၀ တိတိပြည့်မြောက်ခဲ့ပါပြီ။ ယူကရိန်း သမ္မတ ဗလိုဒီမာ ဇယ်လန်းစကီးကတော့ ရာထူးဆက်ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် သူ့နိုင်ငံထဲက မြို့ကြီးတွေဟာ ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ယူကရိန်းနယ်မြေ ၅ပုံ၁ပုံကိုလည်း ရုရှားက ထိန်းချုပ်ထားတယ်လို့ သမ္မတ ဇယ်လန်းစကီးက ပြောပါတယ်။ ယူကရိန်း အတော်များများဟာ မြို့တော် ကိယက်ဗ်မှာ ပြန်လည်ဝင်ရောက် နေထိုင်နေကြပြီး စစ်ပွဲမတိုင်ခင်က လူဉီးရေ အချိုးအစားရဲ့ ၃ ပုံ ၂ပုံလောက်အထိ ပြန်လည်ရောက်ရှိနေပြီလို့ တာဝန်ရှိသူတွေက ပြောကြပါတယ်။ ကိုဇေယျာက ပြောပြပေးမှာပါ။