စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ ကယား ကျေးလက်တွေ ကျောင်းဖွင့်ဖို့ မဖြစ်နိုင်

ဗီဒီယို ပုံစာ, စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ ကယား ကျေးလက်တွေ ကျောင်းဖွင့်ဖို့ မဖြစ်နိုင်
ရေးသားခဲ့သည်။

လာမယ့် ဇွန်လမှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ စစ်ကောင်စီဘက်က ကြိုးစားနေပေမဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ စစ်ကိုင်း၊မကွေး၊ ချင်းနဲ့ကယား ဒေသတွေမှာတော့ မြို့ပေါ်တွေမှာသာ ကျောင်းဖွင့်နိုင်ပြီး ကျေးလက်ဒေသမှာမဖြစ်နိုင်ဘူးလို့ ပညာရေးအသိုင်းအဝိုင်းကပြောပါတယ်။ ဒီဒေသတွေရဲ့ ကျေးရွာတွေဘက်မှာတော့ တော်လှန်ရေးအင်အားစုတွေဘက်ကနေ ကြားကာလပညာရေးအစီအစဉ်တွေ စတင်နေတာတွေလည်း ရှိပါတယ်။ အင်တာနက်မမိ၊ ဖုန်းလိုင်းမရှိတဲ့ ဒီဒေသတွေက ကျောင်းသားတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး မနှင်းမိုက စုစည်းပြောပါမယ်။