ယူကရိန်းမှာ ကျန်နေတဲ့ ရုရှား စစ်သား အလောင်းတွေ

ဗီဒီယို ပုံစာ, ယူကရိန်းမှာ ကျန်နေတဲ့ ရုရှား စစ်သား အလောင်းတွေ
ရေးသားခဲ့သည်။

ယူကရိန်းမြို့တော်ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့ ရုရှားစစ်တပ်ဟာ မြို့ကနေ ပြန်လည် ဆုတ်ခွာသွားပေမယ့် ရုရှား စစ်သားအလောင်းတွေကတော့ နေရာအနှံ့မှာ ကျန်နေခဲ့ပါတယ်။

အဲဒီရုရှား စစ်သားအလောင်းတွေကို ယူကရိန်းတို့က လိုက်လံကောက်ယူပြီး ရုရှားကို ပြန်ပို့ပေးဖို့ကြိုးစားနေကြပါတယ်။ ဒါပေမယ့် ရုရှားတို့ကတော့ ဒီအလောင်းတွေကို လက်ခံဖို့ စိတ်ကူး ရှိပုံမရပါဘူး။

ဘီဘီစီ သတင်းထောက် ဆာရာ ရိမ်းဖို့ဒ် ရဲ့ သတင်းကို မရီရီအောင်က ပြောပြပေးမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ပုံရိပ်တွေ ပါဝင်နိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။