RCSS နဲ့ စစ်ကောင်စီ တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု
ရေးသားခဲ့သည်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ဖိတ်ခေါ်ချက်အပေါ် လက်ခံထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဒီနေ့ စတင်လိုက်ပါပြီ။ ဆွေးနွေးပွဲတွေကို တစ်ဖွဲ့ချင်းစီနဲ့ သီးသန့်လုပ်မှာဖြစ်ပြီး ဒီနေ့မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နဲ့ စစ်ကောင်စီတို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဘာတွေဆွေးနွေးပြီး ဘယ်လိုသဘောတူညီမှုတွေရခဲ့ပါသလဲ။ အကြောင်းစုံကို ကိုဘိုဘိုက ပြောပြပေးမှာပါ။