ကျောင်းအပ် မအပ် မိဘတွေ အကျပ်ရိုက်နေ
ရေးသားခဲ့သည်။
စစ်ကောင်စီကဖွင့်လှစ်မယ့် ၂၀၂၂ နှစ် ၂၀၂၃ ပညာသင်နှစ်အတွက် လာမယ့်မေလ ၂၆ရက် ကနေ ဇွန်လ ၁ရက်အတွင်းမှာ ကျောင်းအပ်လက်ခံမယ့်အကြောင်း ထုတ်ပြန်ထားပါတယ်။
တဖက်မှာလည်း အတိုက်အခံအင်အားစုတွေကတော့ စစ်ကျွန်ပညာရေး မသင်ကြားဖို့ တိုက်တွန်းနိုးဆော်မှုတွေ ရှိနေပါတယ်။
စစ်အာဏာသိမ်းထားတဲ့ တနှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်း မငြိမ်မသက်မှုတွေကြား ကျောင်းအပ်ဖို့စိတ်ပူနေရတာတွေ၊ ရွေးချယ်ခွင့်နည်းတဲ့အခြေအနေတွေကြောင့် စစ်ကောင်စီကဖွင့်တဲ့ကျောင်းတွေကိုထားရဖို့ဖြစ်နေတဲ့ မိခင်တွေရဲ့စိုးရိမ်ပူပန်မှုတွေကိုတော့ မနှင်းမိုက စုစည်းပြောပြပေးပါမယ်။