ဟာခိဗ်က တဝိုက်ကို ယူကရိန်း ပြန်သိမ်း

ဗီဒီယို ပုံစာ, ဟာခိဖ်က တဝိုက်ကို ယူကရိန်း ပြန်သိမ်း
ရေးသားခဲ့သည်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းမှာ ယူကရိန်းတပ်ဖွဲ့တွေ နိုင်ငံ အရှေ့မြောက်ပိုင်း နယ်မြေတချို့ကို ရုရှားလက်က ပြန်လည်ပြီး သိမ်းယူနိုင်ခဲ့တာကြောင့် ရုရှားတပ်ဖွဲ့တွေကိုလည်း ယူကရိန်းရဲ့ ဒုတိယ အကြီးဆုံး မြို့ကြီးဖြစ်တဲ့ ဟာခိဗ် မြို့ကနေ ဝေးသထက် ဝေးအောင် ဆုတ်ခွာသွားစေခဲ့ပါတယ်။

တဘက်မှာတော့ ရုရှားတပ်တွေ ဆုတ်ခွာနေကြတာဟာ တောင်ပိုင်းပိုကျတဲ့ နေရာမှာ ရှိတဲ့ ဒွန်ဘတ်စ် ဒေသကို ပိုပြီး အာရုံစိုက်ချင်တဲ့ သဘောလည်း ပါနိုင်တယ်လို့ ယူဆကြပါတယ်။

ဒွန်ဘတ်စ် အဝင်လို့ ခေါ်တဲ့ အရှေ့ဖျားက အစ်ဇ်ယမ် မြို့မှာ ရောက်ရှိနေတဲ့ ဘီဘီစီ သတင်းထောက် ကွင်တင် ဆမ်းမားဗီးလ်က အဲဒီက ကိုယ့်သဘောနဲ့ ကိုယ် စစ်မှုထမ်းကြသူတွေရဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ကင်းလှည့်ရာမှာ သူတို့နဲ့ အတူလိုက်ပါပြီး ပေးပို့ထားတဲ့ သတင်းကို ကိုထက်အောင် က ပြန်ပြောပြမှာပါ။