သီရိလင်္ကာ အဓိကရုဏ်း
ရေးသားခဲ့သည်။
သီရိလင်္ကာနိုင်ငံတကာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တားဆီးဖို့ အများပြည်သူပိုင်ဆိုင်တဲ့ နေရာတွေကို ဖျက်ဆီးတာ ဖောက်ထွင်း ခိုးယူတာတွေ တွေ့ရင် ချက်ချင်းပစ်ခတ်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို ညွှန်ကြားထားပါတယ်။
စျေးဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ရုံးတွေ ပိတ်ထားရတာလည်း ဒီကနေ့ ဆိုရင် သုံးရက် ရှိသွားပါပြီ။
နိုင်ငံတဝန်းမှာလည်း ညမထွက်ရအမိန့်ကို ကြာသပတေးနေ့ မနက်အထိ ပြဌာန်းထားပါတယ်။
ကုန်စျေးနှုန်းတွေ မြင့်တက်မှု၊ လျှပ်စစ်မီးတွေ ပြတ်တောက်မှုနဲ့ ဆေးဝါး ပြတ်လပ်မှုတွေကြောင့် ပြီးခဲ့တဲ့လကတည်းက အဲဒီမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေခဲ့တာပါ။
အဓိကရုဏ်းတွေအတွင်း အနည်းဆုံး လူ ၈ ယောက် သေဆုံးသွားခဲ့ပြီး လူ ၂ဝဝ လောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဘီဘီစီ သတင်းထောက် Rajini Vaidyanathan ပေးပို့တဲ့ သတင်းကို မရီရီအောင်က ပြန်ပြောပြပေးမှာပါ။