ဥရောပက တရုတ်စီမံကိန်းတချို့ ခေါင်းပုံဖြတ်မှုတွေ ရှိ

ဗီဒီယို ပုံစာ, ဥရောပက တရုတ်စီမံကိန်းတချို့ ခေါင်းပုံဖြတ်မှုတွေ ရှိ
ရေးသားခဲ့သည်။

ယူကရိန်းနိုင်ငံတွင်းက စစ်ပွဲကြောင့် ရုရှားနိုင်ငံနဲ့ စီးပွားရေး လုပ်တာတွေ ပြန်လည် သုံးသပ်ကြဖို့ ဥရောပတလွှားက နိုင်ငံတွေ ဖိအားပေးခံနေရပါတယ်။

အဲဒီအချိန်မှာပဲ မော်စကိုရဲ့ အင်အားအကြီးဆုံး မဟာမိတ် တရုတ်နိုင်ငံဟာ ဥရောပနိုင်ငံတွေမှာ စီးပွားရေးလုပ်ငန်းတွေ ဆက်လက် ချဲ့ထွင်လာပါတယ်။

ဒါပေမဲ့ အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်တာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေနဲ့ တရုတ်နိုင်ငံဘက်က ဒေါ်လာ ဘီလီယံနဲ့ချီ ထုတ်ချီးပြီး ပါဝင်ပတ်သက်ခဲ့တဲ့ အကြွေးထောင်ချောက်တွေ ရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်လာပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သူတို့ဟာ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်နိုင်ငံဖြစ်တယ်၊ တခြားနိုင်ငံတွေ မလုပ်ချင်တဲ့ နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဝင်တာ ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုနေပါတယ်။

ဘီဘီစီ ဥရောပ ဆိုင်ရာ သတင်းထောက် Nick Beak က Balkans နဲ့ ဥရောပတောင်ပိုင်းက တရုတ်နိုင်ငံရဲ့ အဓိက စီမံကိန်းလုပ်ငန်းတွေကို ကိုယ်တိုင်သွားရောက်ပြီး ပေးပို့ထားတဲ့ အထူးသတင်းတပုဒ်ကို ကိုမိုးမြင့်က ပြန်ပြောပြပေးမှာပါ။