စစ်မြေပြင် ဖြစ်နေတဲ့ ၃ နိုင်ငံ နယ်စပ်မြို့

ဗီဒီယို ပုံစာ, စစ်မြေပြင် ဖြစ်နေတဲ့ ၃ နိုင်ငံ နယ်စပ်မြို့
ရေးသားခဲ့သည်။

ဧပြီလ အစောပိုင်းတုန်းကတော့ ရုရှားတပ်တွေ ယူကရိန်းမြောက်ပိုင်းကနေ စတင်ဆုတ်ခွာသွားခဲ့ပါတယ်။ ဒါပေမယ့် နယ်စပ်မှာတော့ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ၊ ဖောက်ခွဲ တိုက်ခိုက်မှုတွေကို ဆက်လုပ်နေဆဲပါ။ ယူကရိန်း၊ ဘယ်လာရုဇ်နဲ့ ရုရှား သုံးနိုင်ငံ နယ်စပ်က ရှေ့တန်း စစ်မြေပြင် ဖြစ်တဲ့ ဆန်ကီကာမြို့မှာ ဘီဘီစီ က ရှားရှားပါးပါး သတင်းယူခွင့် ရခဲ့ပါတယ်။ အဲဒီမြို့ဟာ အရင်တုန်းကတော့ သုံးနိုင်ငံကြား ကူးလူး ဆက်ဆံမှုရှိခဲ့ပေမယ့် အခုတော့ စစ်မြေပြင် အဖြစ်ကျရောက်နေပါတယ်။ ဒီမြို့မှာ နေထိုင်တဲ့ မိသားစုတွေဟာလည်း တကွဲတပြားဖြစ်ကုန်ကြပါတယ်။ ဘီဘီစီ သတင်းထောက် ယိုဂီတာ လီမာရေး ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးမှာပါ။