ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်း အရေး နှောင့်ယှက်တဲ့ နိုင်ငံတွေကို တုံ့ပြန်မယ်လို့ ရုရှားပြော
ရေးသားခဲ့သည်။
ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှုအတွင်းမှာ ဝင်ရောက်နှောင့်ယှက်တဲ့နိုင်ငံတွေကိုလည်း ရုရှားက တုံ့ပြန်မှုတွေ လုပ်သွားမယ်ဆိုပြီး ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ထုတ်ဖော်ပြောကြားလာပါတယ်။ သူ့အနေနဲ့ ဘက်ပေါင်းစုံကနေ တုံ့ပြန်ဖို့ အခြေအနေတွေ ရှိနေတယ်လို့လည်း စိန့်ပီတာစဘဂ်မြို့က ရုရှားလွှတ်တော်မှာ မစ္စတာ ပူတင်က ပြောကြားခဲ့ပါတယ်။ ဘီဘီစီ ရုရှားရေးရာ အယ်ဒီတာ စတိဗ် ရိုဇင်ဘဂ် ရဲ့ သတင်းကို ကိုမင်းထက်က ပြောပြပေးမှာပါ။