ကျောင်းသားလူငယ်မှသည် တော်လှန်ရေး တပ်ဖွဲ့ဝင်ဆီသို့
ရေးသားခဲ့သည်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားဖို့ အတွက် လက်နက်ကိုင် အဖွဲ့ပေါင်းများစွာဟာ စစ်တပ်ကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်တွန်းလှန်နေကြပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ NLD အစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီးခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ လူထုက ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပေမယ့် အခုအခါမှာတော့ လက်နက်ကိုင် တော်လှန်ရေး အဖြစ်အသွင်ပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဆန္ဒပြလူငယ် အဖြစ်ကနေ တော်လှန်ရေး တပ်ဖွဲ့ဝင် အဖြစ် သင်တန်းတက်နေတဲ့ လူငယ်လေး တစ်ယောက်အကြောင်းကို ဘီဘီစီ က ရှားရှားပါးပါး သတင်းယူခွင့်ရခဲ့ပါတယ်။ ဘီဘီစီ အာရှရေးရာ အယ်ဒီတာ ရေဘက်ကာ ဟန်းရှကီးရဲ့ သတင်းကို တင်ဆက်ပေးထားပါတယ်။