စစ်ကိုင်းတိုင်းက အမျိုးသမီး တော်လှန်ရေး သမားများ
ရေးသားခဲ့သည်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက မြန်မာ ပြည်သူ လူထုက နိုင်ငံတဝန်းမှာ ဆန့်ကျင်နေကြပါတယ်။ တိုင်းပြည်မှာ ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးအတွက် အစပိုင်းမှာ လူထုက ချီတက် ဆန္ဒပြခဲ့ကြပေမယ့် ပစ်ခတ်သတ်ဖြတ် ဖြိုခွင်းခံရမှုတွေကြောင့် နောက်ပိုင်းမှာ လက်နက်ကိုင် တော်လှန်လာခဲ့ကြပါတယ်။
အဲဒီ တော်လှန်နေကြတဲ့ အဖွဲ့တွေထဲမှာ စစ်ကိုင်းတိုင်းထဲက အမျိုးသမီးတော်လှန်ရေး သမားတွေနဲ့ချည်း ဖွဲ့စည်းထားတဲ့ မြောင် အမျိုးသမီး ပြောက်ကျား စစ်သည်တော် အဖွဲ့လည်း ပါဝင်ပါတယ်။
ဘီဘီစီရဲ့ ရော်ဘက်ကာ ဟန်ရှကီရဲ့ သတင်းကို ရှုစားရအောင်ပါ။