ရှန်ဟိုင်းကိုဗစ် လော့ခ်ဒေါင်း စီးပွားရေးထိခိုက်လာနိုင်

ဗီဒီယို ပုံစာ, ရှန်ဟိုင်းကိုဗစ် လော့ခ်ဒေါင်း စီးပွားရေးထိခိုက်လာနိုင်
ရေးသားခဲ့သည်။

သီတင်းသုံးပတ်ထဲ ရောက်လာနေပြီဖြစ်တဲ့ ရှန်ဟိုင်းမြို့က ကိုရိုနာဗိုင်းရပ်စ် လော့ခ်ဒေါင်းချကန့်သတ်မှုဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးအပေါ် သက်ရောက်မှု မကြာမီ ရှိလာနိုင်တယ်လို့ တရုတ် ကုမ္ပဏီကြီးတချို့က သတိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ သူတို့ရဲ့ ကိုဗစ်ကင်းစင်ရေး မဟာဗျူဟာ (Zero Covid Strategy) ကို ဆက်လက်ထိန်းထားနိုင်ဖို့ ကြိုးစားနေတာကြောင့် လူဦးရေ ထောင်သောင်းချီကို အတင်းအကျပ် နေခိုင်းနေတဲ့ အစိုးရရဲ့ ကွာရန်တင်း အဆောက်အအုံတွေထဲမှာ ဘီဘီစီက သတင်းယူခွင့်ရခဲ့ပါတယ်။

အဲဒီမှာ လော့ခ်ဒေါင်းချခံထားရတဲ့ ဘီဘီစီ သတင်းထောက် Robin Brant ရှန်ဟိုင်းမြို့ကနေ ပေးပို့တဲ့ သတင်းကို ကိုဇေယျာက ပြန်ပြောပြပေးမှာပါ။