ရုရှားတပ်တွေရဲ့ ပိတ်ဆို့မှုခံခဲ့ရတဲ့ ယူကရိန်းမြို့လေး

ဗီဒီယို ပုံစာ, ရုရှားတပ်တွေရဲ့ ပိတ်ဆို့မှုခံခဲ့ရတဲ့ ယူကရိန်းမြို့လေး
ရေးသားခဲ့သည်။

လတ်တလောမှာတော့ ယူကရိန်း အရှေ့ဘက်က ခွဲထွက်ရေး လိုလားတဲ့ ပြည်နယ်တွေ ဖြစ်တဲ့ ဒွန်းညက်စ် နဲ့ လူဟန့်စ် ဒေသတွေကို ရုရှားက အဓိက ထားပြီး တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။

ယူကရိန်း မြောက်ဘက်ပိုင်းမှာတော့ ရုရှားတပ်တွေ ဆုတ်ခွာသွားပြီလို့ ဆိုပါတယ်။ အဲဒီမှာ အရပ်သားထိခိုက်သေဆုံးခဲ့မှုတွေကိုလည်း ယူကရိန်း တာဝန်ရှိသူတွေက စာရင်းကောက်ယူနေကြပါတယ်။

ချာနီဟိဗ်မြို့ဟာ ဆိုရင် ရက်ပေါင်းများစွာ ရုရှားတွေရဲ့ ပိတ်ဆို့ထားမှုခံခဲ့ရတဲ့ မြို့ဖြစ်ပါတယ်။ မြို့ခံတွေဟာ အစာရေစာအနည်းငယ်နဲ့ ပိတ်ဆို့မှုဒဏ်ကို ခံစားခဲ့ကြရတာပါ။ ဘီဘီစီ သတင်းထောက် ယိုဂီတာ လီမာရေး ဟာအဲဒီမြို့က အခြေအနေတွေကို သတင်းပေးပို့ထားပါတယ်။ မသီဒါနွယ်က ပြန်ပြောပေးမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေ ပါဝင်နိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။