ယူကရိန်း စစ်ပွဲ အပေါ် မော်စကိုရဲ့ တုံ့ပြန်မှု

ဗီဒီယို ပုံစာ, ယူကရိန်း စစ်ပွဲ အပေါ် မော်စကိုရဲ့ တုံ့ပြန်မှု
ရေးသားခဲ့သည်။

တူရကီမှာ လုပ်တဲ့ ရုရှား ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ရုရှားရဲ့ စစ်ရေး လုပ်ရှားမှုတွေကို လျှော့ချသွားမယ် ဆိုပြီးတော့ ကတိပေးပြောကြားခဲ့ပေမယ့် ရုရှားဘက်က တိုက်ခိုက်မှုတွေ ဆက်လုပ်နေဆဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ငြိမ်းချမ်းရေး အခြေအနေဟာ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာတော့ စစ်ရေး ကျူးကျော်မှုကို ထောက်ခံတဲ့လူတွေ ရှိသလို၊ စစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကိုလည်း ဖြိုခွဲမှုတွေ လုပ်နေပါတယ်။ အဲဒီမှာ ဘယ်လို အခြေအနေ ရှိနေပါသလဲ။ ဘီဘီစီ ရုရှားရေးရာ အယ်ဒီတာ စတီဗ် ရိုဇင်ဘဂ် မော်စကိုမြို့ကနေ ပေးပို့လိုက်တဲ့ သတင်းကို ကိုမင်းထက်က ပြောပြပေးမှာပါ။