ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆားလင်းကြီး ရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်
ရေးသားခဲ့သည်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရဲစခန်းကို မတ်လ ၃၁ ရက်ညပိုင်းက ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့ပေါင်းပြီး တိုက်ခိုက်ခဲ့သလို ရွှေဘိုမြို့နယ်တွင်း မိုင်းရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်က ထုတ်ပြန်လာပါတယ်။ တဖက်မှာလည်း စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေကြောင့် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် ထိခိုက်သေဆုံးတာတွေလည်းဖြစ်ပွားနေပါတယ်။ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းကအခြေအနေတွေကို မရွှေပိုးနီ ပြောပြပေးပါမယ်။