ဆားလင်းကြီး ရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်

ဗီဒီယို ပုံစာ, ဆားလင်းကြီး ရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်
ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရဲစခန်းကို မတ်လ ၃၁ ရက်ညပိုင်းက ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့ပေါင်းပြီး တိုက်ခိုက်ခဲ့သလို ရွှေဘိုမြို့နယ်တွင်း မိုင်းရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်‌ရေးတပ်တွေဘက်က ထုတ်ပြန်လာပါတယ်။ တဖက်မှာလည်း စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေကြောင့် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် ထိခိုက်သေဆုံးတာတွေလည်းဖြစ်ပွားနေပါတယ်။ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းကအခြေအနေတွေကို မရွှေပိုးနီ ပြောပြပေးပါမယ်။