တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ သိသိသာသာနည်းပါး
ရေးသားခဲ့သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဆရာ၊ဆရာမအများအပြားနဲ့ ကျောင်းသားကျောင်းသူတွေက ကျောင်းမသွားဖို့ နဲ့ စာမေးပွဲမဖြေဖို့ သပိတ်မှောက်ခဲ့ကြပေမယ့် စစ်ကောင်စီကတော့ မတ်လ ၃၁ ရက်နေ့မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ စတင်ကျင်းပလိုက်ပါတယ်။
ဒါပေမယ့် ဖြေဆိုသူကတော့ ပုံမှန် ကိုးသိန်းလောက် ရှိရာကနေ ဒီနှစ်မှာ သုံးသိန်းလောက်ရှိတယ်လို့ ပညာရေးအသိုင်းအဝိုင်းက ပြောပါတယ်။
ဒီအကြောင်းစုံကို မရွှေပိုးနီက ပြောပြပေးမှာပါ။