ရုရှားက နိုင်ငံခြားကြေးစားတပ်သားတွေ စုဆောင်းနေ

ဗီဒီယို ပုံစာ, ရုရှားက နိုင်ငံခြားကြေးစားတပ်သားတွေ စုဆောင်းနေ
ရေးသားခဲ့သည်။

ယူကရိန်းနိုင်ငံတွင်းက သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ကူညီတိုက်ခိုက်ပေးဖို့ အရှေ့အလယ်ပိုင်းကနေ တပ်သားသစ် ၁၆ဝဝဝ ခန့်အပ်ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။

တပ်ဖြန့်ချထားမှုအတွက် အမေရိကန် ဒေါ်လာ ၇ဝဝဝ အထိ ပြန်လည်ရရှိမှာ ဖြစ်လို့ ပြည်သူတွေအနေနဲ့ ရုရှားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဖို့ မေတ္တာရပ်ခံချက်တွေ ဆီးရီးယားနိုင်ငံတွင်းက လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပြည့်နှက်နေပါတယ်။

စစ်ပွဲအတွင်း တိုက်ခိုက်ဖို့အတွက် ဒေါ်လာ ထောင်နဲ့ချီ ကမ်းလှမ်းခံခဲ့ရတဲ့ ဆီးရီးယား အစိုးရ စစ်သားဟောင်းတဦးက နိုင်ငံတွင်း စီးပွားရေး ကျဆင်းမှုတွေကြောင့် ဆီးရီးယားနိုင်ငံသား ရာနဲ့ချီဟာ ဒီအလုပ်ကို စဉ်းစားနေကြတယ်လို့ ဘီဘီစီ အာရပ်ဘာသာ ဌာနကို ပြောပါတယ်။

ဘီဘီစီ သတင်းထောက် Hanan Razek ရဲ့ သတင်းကို မရီရီအောင်က ပြန်ပြောပြပေးမှာပါ။